စာမျက်နှာ

August 18, 2010

အစ္စလာမ်ဥပုသ်လအတွင်း ရွှေမန္တလာ ရန်ကုန်-မန္တလေး အထူးအစီအစဉ် ပြေးဆွဲမည်

အစ္စလာမ် ဘာသာဝင်များ ဥပုသ်သီလဆောက်တည်သည့် ရမ္မဇန်ဥပုသ်လတွင် မန္တလေးအခြေစိုက် ရွှေမန္တလာယာဉ်လိုင်းနှင့် Ever Smile ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ပူပေါင်းပြီး ရန်ကုန်-မန္တလေး အထူးခရီးစဉ် ပြေးဆွဲမည် ဖြစ်ပါကြောင်း ရွှေမန္တလာယာဉ်အသင်းနှင့် Ever Smile ခရီးသွားဝန်ဆောင်မှုလုပ်ငန်း တာဝန်ရှိသူများက ပြောကြားသွားပါသည်။

"ဒါဟာ မြန်မာနိုင်ငံရဲ့  အစ္စလာမဘာသာဝင်တွေ အတွက် ပထမဦးဆုံးဝန်ဆောင်မှုပါဘဲ၊ ၀န်ဆောင်ခလည်း ပိုမယူပါဘူး။ အခြားဘာသာဝင်တွေအတွက်လည်း ၀န်ဆောင်မှုအသစ်တွေ ပေးဖို့ စီစဉ်ထားတာတွေ ရှိပါတယ်။ အခု ဒီအစီအစဉ်လေးက အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်လအတွင်း မဖြစ်မနေခရီးသွားရမယ့်သူတွေကို အဓိကထားပြီး စီစဉ်တာပါ။ ကျွန်တော်တို့ ရွှေမန္တလာယာဉ်လိုင်း က အစ္စလာမ်ဘာသာဝင်တွေအတွက် နဂိုထွက်နေကျ အချိန် ၇နာရီ ၃၀မိနစ် ကနေ ၇နာရီ ၄၅မိနစ်အထိပြောင်းပေးပြီး ထမင်းစားနားရန် နှင့် ဘုရားဝတ်ပြုရန် မိတ္ထီလာမြို့ ရှိ ဗလီအနီးတွင် ခေတ္တရပ်နားပြီး ဥပုသ်စောင့်ရန်အတွက် မနက် ၃နာရီနှင့် ၄နာရီကြား နေပြည်တော် ၁၀၅မိုင်တွင် ၄၅မိနစ်အချိန်ကြာရပ်နားပေးမှာဖြစ်ပြီး ဘုရားဝတ်ပြုနိုင်ရန် စီစဉ်ပေးထားကြောင်း" ရွှေမန္တလာယာဉ်လိုင်းအသင်း၏ တာဝန်ခံက ပြောကြားသွားပါသည်။

ထိုအစီအစဉ်ကို သြဂုတ်လ ၁၂၇က်နေ့ မှစတင်ပြေးဆွဲမှာဖြစ်ပြီး ဥပုသ်လကုန်ဆုံးချိန်ထိ ပြေးဆွဲမည်ဖြစ်ပါကြောင်းဆက်လက်ပြောကြားသွားပါသည်။

No comments:

Post a Comment