စာမျက်နှာ

September 20, 2011

2011 ရွှေမန္တလာ၏ ခရီးသည်များအပေါ ထူးခြားသော ၀န်ဆောင်မှု

ကျွန်တော်တို့ ရွှေမန္တလာ ခရီးသည် ၀န်ဆောင်မှု ပေးနေတဲ့ ကားအသင်းဟာ အခု ဆိုရင် တစ်ဆင့်ထက် တစ်ဆင့်မြှင့်ပြီး ခရီးသွားသူ တို့ အဆင်ပြေရန် ၀န်ဆောင်မှု ပေးလျက်ရှိပါတယ်။

ဒီနှစ်ထဲမှာ ကျွန်တော်တို့  ကား upgrade လုပ်တဲ့အနေနဲ့ ယခင်ဂျပန်ကားများကို ထုတ်ပြီး ဆွီဒင်နိုင်ငံထုတ် Scania New Buses ကို ခရီးသွားသူတို့ နဲ့ ပထမဦးဆုံး ထိတွေ့ ခွင့်ပေးခဲ့ပါတယ်။ ခရီးသွားသူတို့ ရဲ့ အားပေးမှုနဲ့ ထင်မြင်ချက်တွေဟာ လည်း ကျွန်တော်တို့ အတွက် ကျေနပ်ဖွယ်ရာ ဖြစ်စေခဲ့ပါတယ်။ ၂၀၁၁ အကုန်မှာ ကျွန်တော်တို့ နောက်ထပ် Scania Buses အချို့ ဝင်ရောက်လာဦးမှာ ဖြစ်ပြီး ခရီးသွားသူတို့ အဆင့်မြင့်ကား လက်မှတ်ရဖို့ ကြပ်ခဲ့ကြတာကို လျော့နည်းသွားအောင်လည်း ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အခု ဒီလထဲမှာလည်း Higer new Bus များကိုလည်း ၀ယ်ယူပြီး ခရီးသွားသူတို့ နဲ့ ထိတွေ့ ခွင့်ပေးဦးမှာဖြစ်ပါတယ်။ ကားရဲ့ ဓာတ်ပုံများကိုလည်း ကျွန်တော်တို့  FB fan Page မှာ တင်ထားပြီးဖြစ်ပါတယ်။ ခရီးသွားသူတို့ ရဲ့  feedback ကိုလည်း ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။

ကျွန်တော်တို့ အခု email (shwemandalar.express@gmail.com) မှာလည်း service နဲ့ ဆိုင်တဲ့ feedback တစ်ချို့ ကို ရရှိထားပြီး ဒီ feedback များကိုလည်း လေးစားစွာ ကိုင်တွယ်ဖြေရှင်းပြီး ဖြစ်ပါတယ်။ Feedback ပေးခဲ့တဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ် လို့  ပြောကြားချင်ပါတယ်။

အထူးကျေးဇူးတင်လျက်
ရွှေမန္တလာ မိသားစု