စာမျက်နှာ

August 21, 2010

အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်များကို အွန်လိုင်းမှ ၀ယ်ယူနိုင်တော့မည်။

မြန်မာနိုင်ငံအနှံ့  ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်များကို အွန်လိုင်းမှ ၀ယ်ယူနိုင်တော့မည်ဖြစ်ကြောင်း အွန်လိုင်းဝန်ဆောင်မှုပေးသည့် Vertex Vocation Company မှ တာဝန်ရှိသူက ပြောကြားသွားခဲ့ပါသည်။

Online ticket များကို ၀ယ်ယူနိုင်ရန် www.easyticket.asia website ကို အခု ၂၀ရက် ကတည်းက စတင်ထုတ်လွှတ်သွားခဲ့ပြီး ရွှေမန္တာလာ၊ မြတ်မန္တာလာထွန်း အပါအ၀င် ဂိတ်ကြီး ၂၀ဖြင့် ချိတ်ဆက်ထားကြောင်း သိရသည်။

"အခုလက်ရှိမှာတော့ မိတ်ဆက်အနေနဲ့ ပဲ တင်ထားတယ်၊ ၀ယ်လို့ တော့ မရသေးဘူး။ ၂၀ရက်နေ့ ကစပြီးဝယ်လို့ ရမည်။ ၀ယ်လို့ ရှိရင်လည်း ကျွန်မတို့ နဲ့ ချိတ်ဆက်ထားတဲ့ အင်တာနက်ဆိုင်တွေမှာဘဲ သွားချင်တဲ့မြို့ ကို ပြောပြီး ဖြတ်ရမည့်သဘောပါ။ ကြိုတင်ငွေပေးတဲ့ကတ်(Prepaid card)ကိုလည်း Company မှာ လာဝယ်ပြီး အင်တာနက်ရှိရင် ကိုယ်တိုင်အွန်လိုင်းက ၀ယ်ယူနိုင်မှာဖြစ်ပါတယ်" ဟု ဒေါမေသူခင်က ပြောကြားသွားပါသည်။

Online မှတစ်ဆင့် လက်မှတ်ဝယ်ယူနိုင်ရန်အတွက် ၀န်ဆောင်မှုကို ရန်ကုန်တိုင်းအတွင်းမြို့ နယ်အနှံ့ ရှိ အင်တာနက်ဆိုင် ၅၀နှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီး လက်မှတ်တန်ဖိုးအပြင် အင်တာနက်ဝန်ဆောင်ခ ၂၀၀ကျပ် ပေးရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ website တွင် သွားရောက်လိုသော မြို့ ၊ယာဉ်လိုင်းအမည်၊ လက်မှတ်ဈေးနှုန်းနှင့် ထိုင်ခုံနေရာများကိုပါကြည့်ရှုနိုင်ကြောင်း သိရသည်။ Online ticket များကို easyticket logo ရှိသော အင်တာနက်ဆိုင်များတွင်သာ ၀ယ်ယူနိုင်ကြောင်းသိရသည်။

"အောင်မင်္ဂလာ ကားဂိတ်ကြီးတွေနဲ့ ဘဲ ချိတ်ပြီးလုပ်ထားတာပါ။ယာဉ်ထွက်ခွာချိန်တွေထက် ၃နာရီစောပြီးထိုင်ခုံနေရာလွတ်တွေကိုကြည့်လို့ ရတယ်။ ဒါကတော့ Easyticket အစီအစဉ်နဲ့ ပူပေါင်းထားတဲ့ထိုင်ခုံတွေပါ။ Onlineက၀ယ်တဲ့လက်မှတ်ကိုလည်း စောစောကြိုပြီးဝင်ကြည့်နိုင်တယ်။ ကြိုပြီးဝယ်ထားနိုင်ရင်တော့ နေရာကောင်းကောင်းရတယ်။ အစပိုင်းတော့ ရန်ကုန်မြို့ တွင်းဘဲလုပ်ထားတယ် နောက်ကျရင်တော့ တခြားမြို့ တွေပါ လုပ်သွားမှာပါ။" ဟု ယင်းကဆက်လက်ပြောကြားသည်။ Online မှတစ်ဆင့်ကိုယ်တိုင်ဝယ်ယူနိုင်မည့် prepaid card များကိုလည်း ၀ယ်ယူနိုင်ပြီး online ကားလက်မှတ်ရောင်းလိုသော အင်တာနက်ဆိုင်များကိုလည်း Vertex Vocation Company သို့ လာရောက်ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

Reference: 7 days News Journal, Vol.9, No.22, August 19, 2010

1 comment:

  1. အရမ်းကောင်းသော အစီအစဉ် တစ်ခုမို့  ကြိုဆိုအားပေးလျက်ပါ။

    ReplyDelete