စာမျက်နှာ

March 6, 2012

၂၀၁၂ မတ်လ တွင် တိုးချဲ့ မည့် ရွှေမန္တလာ ခရီးသည်ပို့ ဆောင်ရေး ၏ တိုးချဲ့ ခရီးစဉ်များ

မင်္ဂလာပါ ခရီးသွားလူကြီးမင်းများခင်ဗျာ
ကျွန်တော်တို့ ရွှေမန္တလာ ခရီးသွားပို့ ဆောင်ရေး ဆိုရင်ဖြင့် လူကြီးမင်းတို့ ၏အားပေးမှုနှင့် တောင်းဆိုမှုများကြောင့် ခရီးစဉ်သစ်များကို ၂၀၁၂ မတ်လ မှာဘဲ တိုးချဲ့ ပြေးဆွဲတော့မှာဖြစ်ပါတယ်။ မတ်လ ၈ ရက်နေ့ တွင် နေပြည်တော်-လာရှိုးခရိးစဉ်ကို စတင်ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မုံရွာ၊ရန်ကုန်-ပုဂံညောင်ဦး၊ရန်ကုန်-ပခုက္ကူ ခရီးစဉ်သစ်များကိုလည်း မတ်လ အကုန်တွင် စတင်ပြေးဆွဲရန် ရည်ရွယ်ထားပါတယ် ဖြစ်ကြောင်း အသိပေးပါရစေခင်ဗျာ။

ရွှေမန္တလာ ခရီးသွားပို့ ဆောင်ရေး သည် လူကြီးမင်းတို့ ခရီးသွားလာရေးအဆင်ပြေစေရန် Express ကား ကောင်းများ ဖြင့်သာ ပြေးဆွဲခြင်း၊ ယာဉ်မောင်း များသည် Experience နဲ့ ပြည့်စုံခြင်း၊ ရွှေမန္တလာ ၀န်းထမ်းများက ခရီးသွားလူကြီးမင်းတို့ ခရီးစဉ် အဆင်ပြေချောမွေ့ အောင် စီစဉ်ပေးခြင်း အစရှိသဖြင့် ၀န်ဆောင်မှု ကို အထူးအခြေခံပြီး ဆောင်ရွက်လျက်ရှိပါတယ်။

ခရီးသွားလူကြီးမင်းတို့ ရဲ့ အကြံဥာဏ်ဝေဖန်မှု များကိုလည်း အစဉ်အမြဲ ဂရုစိုက်လျက်ရှိပြီးအကြံဥာဏ်များ ဆက်လက်  ပေးရန်လည်း တောင်းဆိုပါရစေခင်ဗျာ။ ရွှေမန္တလာခရီးသည်ပို့ ဆောင်ရေး အသင်း၏ သတင်းများ၊ဓာတ်ပုံများကို လူမှု ကွန်ယက်တစ်ခု ဖြစ်တဲ့ Shwemandalar Facebook Fan Page (http://www.facebook.com/pages/Shwe-Mandalar-Express/137681869607500) မှာ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်းလည်း သတင်းပေးအပ်ပါတယ်ခင်ဗျာ။




  ရွှေမန္တလာ အဝေးပြေးကားအသင်း

No comments:

Post a Comment