စာမျက်နှာ

April 25, 2012

သာဓု ခေါကြဖို့  ရွှေမန္တလာမိသားစုကထိန်

ကထိန် အခါ ကျရောက်လာတာနဲ့ အမျှ မြန်မာလူမျိုးတိုင်းဟာ ကထိန်ကုသိုလ်ပွဲများ ကျင်းပတာ ဟာ မွန်မြတ်လှပါတယ်။ အခု

ရွှေမန္တလာ ရန်ကုန်-မန္တလေးကားအသင်းက လည်း တန်ဆောင်မုန်းလပြည့်နေ့ မှာ ရန်ကုန်မြို့ အမှတ် (၃) လက်ဆုံ အနီးရှိ

ဘုန်းကြီးကျောင်းကို ကထိန်သင်္ကန်း လှူပြီး ဒါနလုပ်ခဲ့တယ်လို့ ကြားသိရပါတယ်။

"ကထိန်ရာသီဆိုတော့ဗျာ ကထိန်အလှူလေးကို ဖြစ်မြောက်အောင် လုပ်ရတာပေါ့။ အခု ကျွန်တော်တို့  ကထိန်အလှူရဲ့ 

အဓိက ရည်ရွယ်ချက်လေးကတော့ဗျာ ချို့ ယွင်းနေတဲ့ ဘုန်းကြီးကျောင်းကို လိုက်ရှာပြီး လှူဒါန်းမယ်။ အခု

ဒီဘုန်းကြီးကျောင်းလေးက နာဂစ်ကတည်းက ဒဏ်ခံထားရတဲ့ ကျောင်းလေးပါ။ အရင်နှစ်တွေတုန်းကတော့ ဒီနားက

ရပ်ကွက်လုပ်တဲ့ ရပ်ကွက်ကထိန်တွေလောက်ဘဲ ရှိတာ။ အခု ကျွန်တော်တို့ အနေနဲ့ ဒီလို လိုအပ်နေတဲ့

ဘုန်းကြီးကျောင်းတွေကို လှူရတာ အများကြီး ပီတိဖြစ်မိပါတယ်။ အခုဆို ကျွန်တော်တို့ ရွှေမန္တလာ ကားအသင်းက

ကထိန်အလှူလုပ်တဲ့ အပြင် နာဂစ်က ဒဏ်ခံထားရတဲ့ မပြုပြင်ရသေးတဲ့ ဓမ္မာရုံကိုပါ ပြုပြင်ဖို့  အလှူငွေတစ်ချို့ 

မတ်တည်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကားအသင်းက ကထိန်အလှူကို ထိထိရောက်ရောက်နဲ့ ကုသိုလ်အပြည့်ရစေဖို

့ကထိန်မတိုင်ခင် သုံးလေး လကတည်းက ကထိန်ကြေးကို ကြိုကောက်ထားတာပါ။ အခုလို လိုအပ်တဲ့

ဘုန်းကြီးကျောင်းမျိုးတွေကို ကျွန်တော်တို့ အနေနဲ့ နောက်နှစ်တွေများမှာလည်း လှူဒါန်းသွားမှာဖြစ်သလို ကြုံရင်ကြုံသလို

လည်း အလှူဒါနတွေ ပြုလုပ်သွားမှာပါ။" ဟု ရွှေမန္တလာဂိတ်ပိုင်ရှင်ဦးခင်မောင်လတ်က ပြောကြားခဲ့ပါတယ်။

ကထိန်နေ့ မှာလည်း ရပ်ကွက်အနီးအနားတစ်ဝိုက်တို့ ကို အကျွေးအမွေးဖြင့် ဧည့်ခံသလို လပြည့်နေ့ ခရီးသွားတဲ့

ခရီးသည်များကိုလည်း ညစာကို ရွှေမန္တလာကားရပ်တဲ့ ထမင်းဆိုင်များမှာ ဧည့်ခံပြီး ကျွေးမွေးခဲ့တယ် လို သိရပါတယ်။

ဂိတ်ဝန်ထမ်း အားလုံးကိုလည်း အပျော်ခရီးစဉ်ဖြင့် ကျိုက်ထီးရိုး ဘုရားကို လိုက်ပို့ ပြီး အနားယူစေခဲ့တယ်လို့ လည်း

ပြောကြားခဲ့ပါတယ်။

နောက်နှစ်ကထိန်မှာလည်း ရွှေမန္တလာမိသားစုကထိန်ကဲ့သို့ အလှူမျိုး များသထက်များလာပါစေဟု ဆုမွန်ကောင်း 
တောင်းလိုက်ပါတယ်။

No comments:

Post a Comment