စာမျက်နှာ

August 17, 2010

ရွှေမန္တလာခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း

ရွှေမန္တလာ အဆင်မြင့်ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကို စတင် တည်ထောင်ခဲ့တာ ၁၉၉၈ခုနှစ်လောက်ကပါ။ အဲဒီအချိန်တုန်းက

ရွှေမန္တလာ အမည်နဲ့ မဟုတ်ပဲ မန္တလာထွန်း အမည်နဲ့ ရန်ကုန်- မန္တလေး ခရီးစဉ်များကို ပြေးဆွဲခဲ့ပါတယ်။ နောက်ပိုင်း ၂၀၀၂

ခုနှစ်မှာ ရွှေမန္တလာ အမည်နဲ့ ကားများကို ထမ်မံတိုးချဲ့ ပြေးဆွဲခဲ့တာ အခု အချိန်အထိပါပဲ။ ကျွန်တော်တို့ ရွှေမန္တလာဂိတ်သည်

ခရီးသွားသူတွေအပေါ ဘယ်လိုဝန်ဆောင်မှုပေးနိုင်မလဲ ဘယ်လိုဝန်ဆောင်မှုတွေ ခရီးသွားသူတို့ ကြိုက်နှစ်သက်သလဲ ဆိုတာကို

အမြဲတမ်း တွေးနေခဲ့ပါတယ်။ အခုလည်း တစ်နည်းတစ်ဖန် ခရီးသွားသူတို့ အဆင်ပြေအောင် ဒီ blog လေးကို

တည်ထောင်ခဲ့ပါတယ်။


အခု ဒီblog ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသည်များ အနေနဲ့ ရွှေမန္တလာ အဆင်မြင့်ခရီးသည်ပို့ဆောင်ရေး နဲ့

ပတ်သက်သည့် သတင်းအချက်များကို အင်တာနက် ပေါ်တွင် လွယ်ကူစွာ ရရှိနိုင်စေရန် ရည်ရွယ်ပါတယ်။ နောက်

ခရီးသည်များရဲ့ လိုအပ်ချက်များ အကြံပြုချက်များကို လည်းကို လည်း ရွှေမန္တလာ အဆင့်မြင့်ခရီးသွား ၀န်ဆောင်မှု လုပ်ငန်း

သိရှိနိုင်စေရန် ရည်ရွယ်ပါသည်။ ကျွန်တော်တို့ ရွှေမန္တလာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရဲ့ ဆောင်ပုဒ်ကတော့ "ခရီးသွားသူတို့ 

စိတ်ချမ်းသာဖို့ နဲ့ ခရီးဆုံးကို လွယ်ကူချောမွေ့ စွာ ပို့ ဆောင်နိုင်ဖို့ ဘဲဖြစ်ပါတယ်"။ ကျွန်တော်တို့ ရွှေမန္တလာခရီးသွားလုပ်ငန်း

အနေနဲ့ ခရီးသည်လူကြီးမင်းတို့ ရဲ့ အကြံပြုချက်များကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့ ကတိပြုပါတယ်။

ခရီးသွားလူကြီးမင်းတို့ ကာယသုခ စိတ္တသုခ နဲ့ ပြည့်စုံကြပါစေလို့ အမြဲ ဆုမွန်ကောင်းတောင်းလျက်

ရွှေမန္တလာခရီးသွားလုပ်ငန်း

1 comment:

  1. Betway Casino - Use Qualifying Link in Kenya | jtmhub.com
    Sign-up at Betway Casino and 문경 출장샵 enjoy all the latest promotions, 삼척 출장샵 features 이천 출장마사지 and instant deposits. Sign up 양주 출장마사지 at Betway Casino 남원 출장안마 and enjoy

    ReplyDelete