စာမျက်နှာ

August 21, 2010

အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်များကို အွန်လိုင်းမှ ၀ယ်ယူနိုင်တော့မည်။

မြန်မာနိုင်ငံအနှံ့  ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်များကို အွန်လိုင်းမှ ၀ယ်ယူနိုင်တော့မည်ဖြစ်ကြောင်း အွန်လိုင်းဝန်ဆောင်မှုပေးသည့် Vertex Vocation Company မှ တာဝန်ရှိသူက ပြောကြားသွားခဲ့ပါသည်။

Online ticket များကို ၀ယ်ယူနိုင်ရန် www.easyticket.asia website ကို အခု ၂၀ရက် ကတည်းက စတင်ထုတ်လွှတ်သွားခဲ့ပြီး ရွှေမန္တာလာ၊ မြတ်မန္တာလာထွန်း အပါအ၀င် ဂိတ်ကြီး ၂၀ဖြင့် ချိတ်ဆက်ထားကြောင်း သိရသည်။

"အခုလက်ရှိမှာတော့ မိတ်ဆက်အနေနဲ့ ပဲ တင်ထားတယ်၊ ၀ယ်လို့ တော့ မရသေးဘူး။ ၂၀ရက်နေ့ ကစပြီးဝယ်လို့ ရမည်။ ၀ယ်လို့ ရှိရင်လည်း ကျွန်မတို့ နဲ့ ချိတ်ဆက်ထားတဲ့ အင်တာနက်ဆိုင်တွေမှာဘဲ သွားချင်တဲ့မြို့ ကို ပြောပြီး ဖြတ်ရမည့်သဘောပါ။ ကြိုတင်ငွေပေးတဲ့ကတ်(Prepaid card)ကိုလည်း Company မှာ လာဝယ်ပြီး အင်တာနက်ရှိရင် ကိုယ်တိုင်အွန်လိုင်းက ၀ယ်ယူနိုင်မှာဖြစ်ပါတယ်" ဟု ဒေါမေသူခင်က ပြောကြားသွားပါသည်။

Online မှတစ်ဆင့် လက်မှတ်ဝယ်ယူနိုင်ရန်အတွက် ၀န်ဆောင်မှုကို ရန်ကုန်တိုင်းအတွင်းမြို့ နယ်အနှံ့ ရှိ အင်တာနက်ဆိုင် ၅၀နှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီး လက်မှတ်တန်ဖိုးအပြင် အင်တာနက်ဝန်ဆောင်ခ ၂၀၀ကျပ် ပေးရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ website တွင် သွားရောက်လိုသော မြို့ ၊ယာဉ်လိုင်းအမည်၊ လက်မှတ်ဈေးနှုန်းနှင့် ထိုင်ခုံနေရာများကိုပါကြည့်ရှုနိုင်ကြောင်း သိရသည်။ Online ticket များကို easyticket logo ရှိသော အင်တာနက်ဆိုင်များတွင်သာ ၀ယ်ယူနိုင်ကြောင်းသိရသည်။

"အောင်မင်္ဂလာ ကားဂိတ်ကြီးတွေနဲ့ ဘဲ ချိတ်ပြီးလုပ်ထားတာပါ။ယာဉ်ထွက်ခွာချိန်တွေထက် ၃နာရီစောပြီးထိုင်ခုံနေရာလွတ်တွေကိုကြည့်လို့ ရတယ်။ ဒါကတော့ Easyticket အစီအစဉ်နဲ့ ပူပေါင်းထားတဲ့ထိုင်ခုံတွေပါ။ Onlineက၀ယ်တဲ့လက်မှတ်ကိုလည်း စောစောကြိုပြီးဝင်ကြည့်နိုင်တယ်။ ကြိုပြီးဝယ်ထားနိုင်ရင်တော့ နေရာကောင်းကောင်းရတယ်။ အစပိုင်းတော့ ရန်ကုန်မြို့ တွင်းဘဲလုပ်ထားတယ် နောက်ကျရင်တော့ တခြားမြို့ တွေပါ လုပ်သွားမှာပါ။" ဟု ယင်းကဆက်လက်ပြောကြားသည်။ Online မှတစ်ဆင့်ကိုယ်တိုင်ဝယ်ယူနိုင်မည့် prepaid card များကိုလည်း ၀ယ်ယူနိုင်ပြီး online ကားလက်မှတ်ရောင်းလိုသော အင်တာနက်ဆိုင်များကိုလည်း Vertex Vocation Company သို့ လာရောက်ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

Reference: 7 days News Journal, Vol.9, No.22, August 19, 2010

August 18, 2010

အစ္စလာမ်ဥပုသ်လအတွင်း ရွှေမန္တလာ ရန်ကုန်-မန္တလေး အထူးအစီအစဉ် ပြေးဆွဲမည်

အစ္စလာမ် ဘာသာဝင်များ ဥပုသ်သီလဆောက်တည်သည့် ရမ္မဇန်ဥပုသ်လတွင် မန္တလေးအခြေစိုက် ရွှေမန္တလာယာဉ်လိုင်းနှင့် Ever Smile ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ပူပေါင်းပြီး ရန်ကုန်-မန္တလေး အထူးခရီးစဉ် ပြေးဆွဲမည် ဖြစ်ပါကြောင်း ရွှေမန္တလာယာဉ်အသင်းနှင့် Ever Smile ခရီးသွားဝန်ဆောင်မှုလုပ်ငန်း တာဝန်ရှိသူများက ပြောကြားသွားပါသည်။

"ဒါဟာ မြန်မာနိုင်ငံရဲ့  အစ္စလာမဘာသာဝင်တွေ အတွက် ပထမဦးဆုံးဝန်ဆောင်မှုပါဘဲ၊ ၀န်ဆောင်ခလည်း ပိုမယူပါဘူး။ အခြားဘာသာဝင်တွေအတွက်လည်း ၀န်ဆောင်မှုအသစ်တွေ ပေးဖို့ စီစဉ်ထားတာတွေ ရှိပါတယ်။ အခု ဒီအစီအစဉ်လေးက အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်လအတွင်း မဖြစ်မနေခရီးသွားရမယ့်သူတွေကို အဓိကထားပြီး စီစဉ်တာပါ။ ကျွန်တော်တို့ ရွှေမန္တလာယာဉ်လိုင်း က အစ္စလာမ်ဘာသာဝင်တွေအတွက် နဂိုထွက်နေကျ အချိန် ၇နာရီ ၃၀မိနစ် ကနေ ၇နာရီ ၄၅မိနစ်အထိပြောင်းပေးပြီး ထမင်းစားနားရန် နှင့် ဘုရားဝတ်ပြုရန် မိတ္ထီလာမြို့ ရှိ ဗလီအနီးတွင် ခေတ္တရပ်နားပြီး ဥပုသ်စောင့်ရန်အတွက် မနက် ၃နာရီနှင့် ၄နာရီကြား နေပြည်တော် ၁၀၅မိုင်တွင် ၄၅မိနစ်အချိန်ကြာရပ်နားပေးမှာဖြစ်ပြီး ဘုရားဝတ်ပြုနိုင်ရန် စီစဉ်ပေးထားကြောင်း" ရွှေမန္တလာယာဉ်လိုင်းအသင်း၏ တာဝန်ခံက ပြောကြားသွားပါသည်။

ထိုအစီအစဉ်ကို သြဂုတ်လ ၁၂၇က်နေ့ မှစတင်ပြေးဆွဲမှာဖြစ်ပြီး ဥပုသ်လကုန်ဆုံးချိန်ထိ ပြေးဆွဲမည်ဖြစ်ပါကြောင်းဆက်လက်ပြောကြားသွားပါသည်။

August 17, 2010

ခရီးသွားလူကြီးမင်းများ၏ feedbacks များပေးပို့ ရန် လိပ်စာများ

မင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ ရွှေမန္တလာခရီးသွားလုပ်ငန်းအား ဝေဖန်ထင်မြင်ချက်၊ အကြံပေးချက်များ ပေးလိုပါက အထူးပင်

ဖိတ်ခေါအပ်ပါသည် ခင်ဗျာ။ ပေးပို့ သည့် ဝေဖန်ချက်များကိုလည်း ကျွန်တော်တို့ ရွှေမန္တလာခရီးသွားလုပ်ငန်းမှ တတ်နိုင်သလောက်

ပြုပြင်ပြီး ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပါသည်။ ထိုဝေဖန်ချက်များကို လုပ်ငန်း၏ website

http://shwemandalar.com/ တွင်လည်းကောင်း၊ လုပ်ငန်၏ blog ဖြစ်သည့်

www.shwe-mandalar.blogspot.com တွင်လည်းကောင်း၊ email address ဖြစ်သည့်

shwemandalar.express@gmail.com သို့ လည်းကောင်း ပေးပို့ 

့နိုင်ပါသည်။ အထူးပင်ကျေးဇူးတင်ရှိပါသည်။


ရွှေမန္တလာ ခရီးသွားဝန်ဆောင်မှုအသင်း

ရွှေမန္တလာ ခရီးသွားလုပ်ငန်း လက်မှတ် အရောင်းငှာနများ

လက်မှတ် အရောင်းဌာနများ ၏ ဖုန်းနံပါတ်များ


ရန်ကုန်

အောင်မင်္ဂလာ အဝေးပြေးကွင်း
- ၀၉-၅၀၄၂၆၄၄

- ၀၉-၈၇၀၂၅၇၇

- ၀၉-၆၅၂၀၃၆၄

- ၀၁-၇၀၁၆၁၅

- ၀၁-၇၀၆၀၇၁

အောင်ဆန်းကွင်း
- ၀၁- ၇၁၀၅၃၇

- ၀၁- ၇၀၄၁၅၈



နေပြည်တော်

ဘောဂသီရိ ကားဝင်း
- ၀၆၇- ၃၈၂၈၆

မြို့မဈေး
- ၀၆၇ – ၄၂၀၈၅၉



မန္တလေး

ကျွဲဆည်ကန်အဝေးပြေးဝင်း
- ၀၂- ၈၀၈၄၂

- ၀၂ – ၇၁၉၃၄

- ၀၉- ၆၈၁၅၃၇

- ၀၉- ၂၀၃၅၈၁၄

မန္တလေးမြို့တွင်း
- ၀၂-၇၃၂၁၁

- ၀၉- ၂၂၂၀၀၆၉



ပြင်ဦးလွင်
- ၀၉-၂၂၀၁၀၀၆

- ၀၈၅- ၂၂၅၁၅

- ၀၈၅- ၂၂၀၈၁

- ၀၈၅- ၂၃၃၀၉




မိတ္ထီလာ
- ၀၆၄- ၂၄၃၀၆

ရွှေမန္တလာ ခရီးစဉ်များ

ရွှေမန္တလာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းမှ ခရီးသည်များ သက်တောင့် သက်သာ စိတ်ချမ်းသာစွာ သွားလာနိုင်စေရန်အတွက်

ရန်ကုန် – မန္တလေး၊ ရန်ကုန် – ပြင်ဦလွင်၊ ရန်ကုန် – နေပြည်တော်၊ ရန်ကုန် – မိထ္တီလာ၊ မန္တလေး – နေပြည်တော်၊

မန္တလေး – မိထ္တီလာ ခရီးစဉ်များကို နေစဉ်ပြေးဆွဲပေးနေပါသည်။


ခရီးစဉ်များ ၀န်ဆောင်မှုနှုန်းထား

ရန်ကုန်-မန္တလေး ၁၀၄၀၀ ကျပ်

ရန်ကုန်-နေပြည်တော် ၅၉၀၀ ကျပ်

ရန်ကုန်-ပြင်ဦးလွင် ၁၁၄၀၀ ကျပ်

ရန်ကုန်-မိတ္ထီလာ ၈၅၀၀ ကျပ်

မန္တလေး-နေပြည်တော် ၄၉၀၀ ကျပ်

မန္တလေး-မိတ္ထီလာ ၃၀၀၀ ကျပ်

ရွှေမန္တလာခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း

ရွှေမန္တလာ အဆင်မြင့်ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကို စတင် တည်ထောင်ခဲ့တာ ၁၉၉၈ခုနှစ်လောက်ကပါ။ အဲဒီအချိန်တုန်းက

ရွှေမန္တလာ အမည်နဲ့ မဟုတ်ပဲ မန္တလာထွန်း အမည်နဲ့ ရန်ကုန်- မန္တလေး ခရီးစဉ်များကို ပြေးဆွဲခဲ့ပါတယ်။ နောက်ပိုင်း ၂၀၀၂

ခုနှစ်မှာ ရွှေမန္တလာ အမည်နဲ့ ကားများကို ထမ်မံတိုးချဲ့ ပြေးဆွဲခဲ့တာ အခု အချိန်အထိပါပဲ။ ကျွန်တော်တို့ ရွှေမန္တလာဂိတ်သည်

ခရီးသွားသူတွေအပေါ ဘယ်လိုဝန်ဆောင်မှုပေးနိုင်မလဲ ဘယ်လိုဝန်ဆောင်မှုတွေ ခရီးသွားသူတို့ ကြိုက်နှစ်သက်သလဲ ဆိုတာကို

အမြဲတမ်း တွေးနေခဲ့ပါတယ်။ အခုလည်း တစ်နည်းတစ်ဖန် ခရီးသွားသူတို့ အဆင်ပြေအောင် ဒီ blog လေးကို

တည်ထောင်ခဲ့ပါတယ်။


အခု ဒီblog ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသည်များ အနေနဲ့ ရွှေမန္တလာ အဆင်မြင့်ခရီးသည်ပို့ဆောင်ရေး နဲ့

ပတ်သက်သည့် သတင်းအချက်များကို အင်တာနက် ပေါ်တွင် လွယ်ကူစွာ ရရှိနိုင်စေရန် ရည်ရွယ်ပါတယ်။ နောက်

ခရီးသည်များရဲ့ လိုအပ်ချက်များ အကြံပြုချက်များကို လည်းကို လည်း ရွှေမန္တလာ အဆင့်မြင့်ခရီးသွား ၀န်ဆောင်မှု လုပ်ငန်း

သိရှိနိုင်စေရန် ရည်ရွယ်ပါသည်။ ကျွန်တော်တို့ ရွှေမန္တလာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရဲ့ ဆောင်ပုဒ်ကတော့ "ခရီးသွားသူတို့ 

စိတ်ချမ်းသာဖို့ နဲ့ ခရီးဆုံးကို လွယ်ကူချောမွေ့ စွာ ပို့ ဆောင်နိုင်ဖို့ ဘဲဖြစ်ပါတယ်"။ ကျွန်တော်တို့ ရွှေမန္တလာခရီးသွားလုပ်ငန်း

အနေနဲ့ ခရီးသည်လူကြီးမင်းတို့ ရဲ့ အကြံပြုချက်များကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့ ကတိပြုပါတယ်။

ခရီးသွားလူကြီးမင်းတို့ ကာယသုခ စိတ္တသုခ နဲ့ ပြည့်စုံကြပါစေလို့ အမြဲ ဆုမွန်ကောင်းတောင်းလျက်

ရွှေမန္တလာခရီးသွားလုပ်ငန်း